Yangon - Jeju - Seoul - Yangon (8D/7N) |
|
Tour Price |
|
Tour Inclusive |
|
Tour Execlusive |
|
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Hong Kong သို့ Dragon Airline ဖြင့် စတင်ထွက်ခွာပြီး Transit ဖြတ်သန်းကာ တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းသို့ဆက်လက်ထွက်ခွာပါမည်။ ဂျယ်ဂျူးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး နေ့လည်စာကို ကိုရီးယားရိုးရာ ခေါက်ဆွဲဖြင့်သုံးဆောင်ပါမည်။ ထို့နောက် ဂျယ်ဂျူးကျွန်းရှိ အထင်ကရနေရာများဖြစ်သော Teddy Bear Museum, Jeju Folklore & Natural History Museum နှင့် နာမည်ကျော် Mysterious Road, အလွန်သာယာလှပတဲ့ Dragon Head Rock စသောနေရာများကို သွားရောက်လည်ပတ်ပါမည်။ ညစာကို စာသောက်ဆိုင်တွင် လတ်ဆတ်ပြီး အရသာရှိသောSeafood ဖြင့်သုံးဆောင်ပြီးနောက် 4 Stars Hotel တွင် check in ဝင်ပြီးအေးချမ်းစွာအိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Jeong-Bang Waterfall, Saeseom Island Sayeongyo Bridge စသော နေရာများသို့ သွားရောက်၍ အပန်းဖြေပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Sanbangsan mountain, Yongmeori Beach, နာမည်ကျော် လဖ္ဘက်စိမ်း ထုတ်လုပ်ရောင်းချရာ O’ Sulloc Museum တို့ကို သွားရောက်လည်ပတ်ပါမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ရင်သပ်ရူမောဖွယ် ရသမျိုးစုံခံစားနိုင်သော ကိုရီးယားနိုင်ငံ၏ နာမည်ကျော် Nanta show ကိုသွားရောက်ကြည့်ရှုပြီး ဟိုတယ်တွင် ပြန်လည်၍ အိပ်စက် အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် စိမ်းလန်းလှပပြီး စိတ်ဝင်စားဖွယ်ကောင်းလှသောဝင်္ကဘာထဲတွင် လှည့်လည်ကစားနိုင်သော MAZE Land နှင့် တောင်ကိုရီးယားရိုးရာဓလေ့များအား လေ့လာကြည့်ရူနိုင်သော ရှေးဟောင်ကျေးရွာလေး Seongup Folk Village တို့ကို ဦးစွာ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဂျယ်ဂျူးကျွန်းအရှေ့ဘက်စွန်းရှိ ထူးခြားဆန်းပြားစွာ လှပနေသော Sunrise Peak ခေါ် Seonsan llchulbong Peak, နာမည်ကျော် ALL IN ကိုရီးယားဇာတ်လမ်းတွဲရိုက်ကူးရာ Seopjicoji , Orange Garden စသောရှိသောအထင်ကရနေရာများသု့ိ သွားရောက်လည်ပတ်ပါမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Trick-eye Museum, Ice Gallery တို့ကို သွားရောက် လည်ပတ်ပြီး ဟိုတယ်တွင် ပြန်လည်၍ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Jeju အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် တောင်ကိုရီးယားနိုင်ငံ၏မြို့တော် Seoul မြို့ သို့ဆက်လက် သွားရောက်လည်ပတ်ပါမည်။ Incheon အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး နေ့လည်စာကို Korean BBQ ဖြင့်သုံးဆောင်ပါမည်။ ထို့နေက်လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော ဧကပေါင်း 250ကျော် ကျယ်ဝန်းသော တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး Everland ကစားကွင်းကြီးတွင် တစ်နေ့တာ ပျော်ပါးစွာ သွားရောက် အပန်းဖြေ ကစားနိုင်ရန် စီစဉ်ပေးထားပါသည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်၍ အိပ်စက် အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာကျော် ကိုရီးယားဂျင်ဆင်းရောင်းချရာ Ginseng Center သို့သွားရောက်၍ ဈေးဝယ်ထွက်ပြီးနောက်ကိုရီးယားနိုင်ငံ၏ အထင်ကရနေရာတစ်ခု ဖြစ်သော Deoksugung နန်းတော်သို့သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် နာမည်ကျော် ကိုရီးယားအလှကုန်များရောင်းချရာ Cosmetic Shop သို့သွားရောက်ဈေးဝယ်ထွက်ပါမည်။ ညနေပိုင်းတွင် Seoul မြို့၏အလှကို အပေါ်စီးမှ မြင်တွေ့ခံစားနိုင်မည့် N Seoul တာဝါသို့သွားရောက်ကာ အပန်းဖြေအနားယူပါမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် နာမည်ကျော် ဒုံဒဲမွန်ဈေးမှာ သွားရောက်၍ ဈေးဝယ်ထွက်ပါမည်။ ထို့နောက် ဟိုတယ်တွင် ပြန်လည်၍ အိပ်စက် အနားယူပါမည်။ အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် နာမည်ကျော် ကိုရီးယားဇာတ်လမ်းတွဲများ ရိုက်ကူးရာ အလွန်သာယာလှပသော Nami ကျွန်းသို့သွားရောက် လည်ပတ်မှာ ဖြစ်ပါသည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Porphyra product factory, Myeongdong District စသောနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ကြပါမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် နီယွန်မီးအလှများဖြင့် အလှဆင်ထားသော Seoullo 7017 မိုးမြင့်ပန်းခြံသို့ သွားရောက် လည်ပတ်ပြီး ဟိုတယ်တွင် ပြန်၍ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကျန်းမာရေး အထောက်အကူပြု ဆေးဝါးများ ရရှိနိုင်သော Healthy Liver, ကိုရီးယား စစ်သမိုင်းကို လေ့လာနိုင်မည့် War Memorial Museum စသောနေရာများသို့ ဦးစွာ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို အရသာရှိသော ပင်လယ်စာဖြင့် သုံးဆောင်ပြီးနောက် Insadong District ရှိ တောင်ကိုရီးယားနိုင်ငံ၏ ကျော်ကြားလှသော ဆောင်ဒိုပြည်သူ့ပန်းခြံသို့ သွားရောက်၍ အပန်းဖြေပါမည်။ ထို့နောက် နာမည်ကျော်ကာတွန်းဇာတ်ကောင်များရဲ့ အငွေ့အသက်များရှိရာ Songwol-dong Fairy Tale Village နှင့် Incheon China Town သို့သွားရောက်လည်ပတ်ပါမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လာ၍ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကိုရီးယားရိုးရာ အမွေအနှစ်များနှင့် ပြည့်နှက်နေသော Bukchon Hankok ကျေးရွာသို့သွားရောက်လည်ပတ်ရင်း ရိုးရာအစားအစာဖြစ်သော ကင်မ်ချီပြုလုပ်ပုံများကို လေ့လာပြီးနောက် နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် Incheon အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Flight Check In ဝင်ကာ Hong Kong မှ တစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။